Tuesday, November 13, 2007
by ဂျူလီယာ
ကွဲအက်ခြင်း |
| ချစ်သူ | ကတ္တာရာလမ်းမအထက်မှာ | တစစီကွဲအက်ကြေမွသွားခဲ့ရတဲ့ | ငါ့နှလုံးသားရဲ့ နာကြင်မှုကို | ချစ်သူမသိနိုင်ပါဘူး |
| မိုးလောက်မြင့်တဲ့ | ငါ့ရဲ့အိမ်မက်လေးတွေကို | မင်းက | လေထဲဆောက်တဲ့တိုက်အိမ်လေးလို | ပျက်ရယ်ပြုခဲ့တယ် |
| ငါမင်းကို | သိပ်ချစ်ပါတယ်လို့ | ရွတ်ဆိုလိုက်တဲ့ချိန်ကျမှ | မင်းက | အပေါစားအရက်တစ်ခွက်တောက်တောင် | တန်ဖိုးမထားခဲ့...ဲ့ |
ခွဲခွာချိန် |
|
ငြိမ်သက်ခြင်းရယ် မျက်ရည်တွေရယ် |
ငါတို့ရဲ့ ခွဲခွာချိန်လေးမှာပေါ့ |
မင်းအပြုးံကသက်မဲ့လို့ |
မင်းအနမ်းကအေးစက်စေခဲ့တယ် |
မေ့လိုက်တော့ ဆိုတဲ့စကားတစ်ခွန်းက |
ငါ့နှလုံးသားကို |
တစ်စစီဆုတ်ဖြဲလိုက်သလိုပဲ ………. |
|
ဟိုအရင်ကချိုမြိန်ခဲ့တဲ့အတိတ်က |
အိပ်မက်တစ်ခုလား |
ငါတို့ယုံကြည့်ခဲ့တဲ့ အနာဂတ်က |
ခွဲခွာခြင်းတဲ့လား ……. |
|
ချစ်သူရယ် |
ကြေကွဲနာကျင်နေတဲ့ |
ငါ့နှလုံးသားကို ဥပေက္ခာပြု |
ရက်စက်စွာကျောခိုင်း |
မင်းရဲ့ခြေလှမ်းတိုင်းမှာ |
ငါ့နှလုံးသား ပဲ့ကြွေပျက်သုန်းခဲ့ပြီဆိုတာ |
မင်းသိပါစေကွာ ……….
|
Posted in:
Love
|
|
|