happy Birthday

လူ့လောကကိုစရောက်ကတည်းက အဖေနဲ့အမေကို ဒုက္ခပေးခဲ့တဲ့ သမီးမိုက် အသက်တစ်နှစ်ကြီးလာပြန်ပြီ။ အခုချိန်ထိလဲ ဘာရယ်မှ မည်မည်ရရ ကျေးဇူးမတုံ့ပြန်နိုင်ခဲ့ဘူး။ ကဗျာလေးတစ်ပုဒ်နဲ့ သမီးဆိုးလေးကို အနွံတာခံပေးတဲ့ အဖေနဲ့အမေ သို့........................

မေမေ နှင့် ဖေဖေ

သမီး လူလားမြောက်တဲ့အချိန်ထိ

သမိးကို အမြဲမပြတ်

မေတ္တာရနံ့ထုံသင်းတဲ့ မိဘအရိပ်အောက်မှာ

သမီးဘ၀ယနေ့ထလုံခြုံခဲ့တာ

မိဘရဲ့ကျေးဇူးးတော်ကြောင့်ပါ။

သမီးမျက်နှာ မငယ်ရအောင်

လူကြားသူကြား သိမ်မွေ့ရအောင်

သမိးဆိုးလေးကို ဆုံးမသွန်သင်၊ ပြုစုပေးတဲ့ မိဘရယ်

အရိုင်းသမိးမှာတော့ မချစ်လို့ ရိုက် ၊ထင်မြင်ရွက်တိုက်

ပြစ်မှားခဲ့တဲ့အမှားများစွာရယ်

ခုချိန်မှာ ဘ၀ဇာတ်ခုံ အဖက်ကြုံတိုင်း

သက်ပြင်းလေးတွေသားခါခါချ

ဝေဒနာ လှိုင်းတံပိုး ရင်မှာတိုးလို့ဆို့

ချစ်ဖေဖေနဲ့မေမေ အနွံတာခံမြဲ

ကျေနပ်တဲ့အတိတ်ကာလလေးကို

ပြန်တွေးမိတိုင်းသမိးမျက်ရည်မဆည်နိုင်တော့ပါလား

ယနေ့အချိန် မှာ ပြုမှားမိတဲ့ ပြစ်မျိုးများကို ခွင့်လွှတ်ပါလို့…

ကမ်ဘာကြီးတစ်ခုလုံးထက်မကတဲ့ချစ်ခြင်းနဲ့

တုနှိုင်းလို့မမီတဲ့ မိဘမေတ္တာ

ကျေးဇူးအနတ္တ ကြီးမားစွာလှသောမေမေနှင့်ဖေဖေသို့

တစ်နေ့တစ်ချိန် မိဘကျေးဇူးပြန်ဆပ်ဖို့ရာ

အချိန်မကုန်စေနဲ့လို့ သမီးဆုတောင်းရပါစေသား………


(3.6.2008) နေ့မှာကျရောက်မယ့် ကျွန်မမွေးနေ့မှာ ဒီကဗျာလေးနဲ့ ကျွန်မကိုသိပ်ချစ်တဲ့ ဖေဖေနဲ့ မေမေကို ဂါရ၀ါပြုရင်းနဲ့ပဲ အမှတ်တရ ထပ်တင်လိုက်တာပါ။ ကဗျာလေးဖတ်ပြီးရင်တော့ မွေးနေ့လို့လူသားတွေအမည်တပ်ကြတဲ့ အသက်တစ်နှစ် ထပ်ကြီးတဲ့ နေ့တစ်နေ့အတွက် အမှတ်တရပေါ့......

Glitter Graphics

Happy Birthday Glitter




နွေအလှ


နွေလှ

း…

ဟိုအဝေးက ဖြေသိမ့်မရအလွမ်းတွေနဲ့

နွေအလှကို မင်းအရောင်ဆိုးခဲ့ပြီလား

နွေအလှနဲ့ခြယ်မုန်းထားတဲ့

အတိတ်က ပန်းချီကားလေး

ဖုန်တက်နေလည်း ပြန်ပြန်မက်နေရတဲ့ အလွမ်းတွေ

ငါ့ရင်ထဲမှာနာကျင်လှပြီ

မေ့ဖို့ကြိုးစားတိုင်း ငါ့ရင်ထဲမှာ အသစ်အသစ် ပြန်ဖြစ်လာတယ်

လန်းဆန်းနေဆဲပါလေ နွေရယ်…

ဝေး……

တစ်နယ်တစ်ကျေးမဝေးခင်တုန်းက

ဒီရင်ခွင်ထဲအနမ်းတွေ ဝေခဲ့တုန်းက

မခွဲစတမ်းချစ်ခြင်းနောခဲဖူးတယ်နော်

ခုတော့ဝေးရယ်

ဘ၀ကိုပုခုံးပုတ် လောကဓံကို အကြိမ်ကြိမ်ဆင်နွဲ

ခက်ခဲများစွာ မမှုပဲလျှက်

နှစ်ယောက်ရှေ့ရေးမျော်ကာတွေးရင်း

အားမှန်ဇွဲနဲ့ လျှောက်ခဲ့ကြတယ်နော်

ဝေးရယ်

မင်းစိတ်တွေဘာလို့ ပျော့ညံ့နေရတာလဲ

သစ်ပင်ဆိုတာ မြင့်လေ လေတိုက်ခြင်းခံရလေပဲမဟုတ်လား

လေတိုက်တိုင်းမင်းဘာလို့ ကြွေကြွေကျနေရတာလဲ

အဖူးတွေ ၊ အညွန့်တွေနဲ့ မင်းဝေဆာလိုက်စမ်းပါ

အမြစ်တွေနဲ့ မင်းသေချာချီတက်စမ်းပါဝေးရာ…

ဝေးရယ်….

နှစ်ဟောင်းတွေကြွေ ၊ နှစ်သစ်တွေ အကြိမ်ကြိမ် ဝေခဲ့ပြီိနော်

ကြေကွဲစွာနဲ့ လမ်းခွဲခဲစဉ်တုန်းကလေ

မင်းကိုယ့်အတွက် ဘာ message မှ မထားပေးခဲ့ဘူးနော်

မငိုအောင်ထိန်းဟန်ဆောင်သော်လည်း

ထားရစ်ထွက်ခွာဝေးခဲပြီပဲ

ပြန်လာပါလို့ တမ်းတမျောရည် ဆိုသော်ငြားလည်း

မင်းမှ မကြားနိုင်တော့ပဲလေ

ခုတော့အလွမ်းရဆုံး

ဝေးရမြေ ၊ ဝေးရတဲ့တောင်တန်း၊ ဝေးသွားခဲရတဲ့ဝေးနဲ့အတူ

ကိုယ်နဲ့ နေ့စွဲလေးကတော့

ဝေးကိုကိုယ့်ရင်ပတ်ထဲမှာ တမ်းတချစ်နေတုန်းပဲဆိုတာ

“ ဝေးသိပါစေ” တော့ကွယ်…………………

Feb < 14 >



နီးနီးဝေးဝေးဘယ်လောက်ပဲဝေး

မျော်လင့်သွားမယ်ကိုယ့်အချစ်တိတိတ်လေး

ဖေဖော်ဝါရီ<၁၄> အမှတ်တရ



ရက်မြတ်

ဒီနေ့ဟာ

ကျွန်ပ်တို့၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၃)

နှစ်မြောက်မွေးနေ့ ဖြစ်သလို ကမ္ဘာတစ်ဝမ်းလုံးရှိ

ကလေးသူငယ်များနေ့လည်းဖြစ်ပါတယ်

ဒါကြောင့်မို့

ညီအစ်ကိုများအားလုံး

ဒီနေ့ဟာနေ့ထူးတစ်နေ့ဖြစ်သောကြောင့်

အားလုံးပါဝင်ဆုတောင်း ပေးကြပါရန်……………… လေးစားစွာဖြင့်

Shortcusts Excel

Microsoft Excel အသုံးပြုသူများ သိသင့်သိထိုက်သည့် Keyboard Shortcusts များ

ကွန်ပျူတာစာရိုက်ရာတွင် mouse ကိုင်သုံးတာနဲ့ Keyboard ကိုင်သုံးတာနဲ့ အချိန်ကုန်မှုတွေ အရမ်းကွာဟမှု ရှိပါတယ် Keyboard ကိုင်သုံးတာအရမ်းပိုမိုမြန်ဆန်ကြောင်း ချိန်ကုန်ခြင်းလည်းပိုသက်သာကြောင်းသိရှိလို့ ပြန်တင်ပေး လိုက်ပါတယ်

Ctrl + ( (Selection area ထဲက Row တွေကို hide လုပ်ပေးသည်)

Ctrl + ) ( Selection area ထဲက Colum တွေကို hide လုပ်ပေးသည်)

Ctrl + Shift + ( (Selection area ထဲက hidden Row ကို unhide လုပ်ပေးသည်)

Ctrl + Shift + ) ( Selection area ထဲက hidden Column ကို unhide လုပ်ပေးသည်)

Ctrl + Shift + ! (Decimal place နှစ်လုံးထောင်ဂဏန်းတွေမှာ Separator ပါပြီး Negative Number ဆိုရင် အနှုတ်လက်ခဏာ ထည့်ပေတဲ့ Number Font ပုံစံနဲ့ apply လုပ်ပေးသည်)

Ctrl + Shift +@ (hour – minute ၊ Am/Pm time font ပုံစံနဲ့ Apply လုပ်ပေးပါသည်)

Ctrl + Shift +# (ရက်၊ လ၊ နှစ် Date font ပုံစံနဲ့ apply လုပ်ပေပါသည်)

Ctrl + Shift + $ ( Decimal Place နှစ်လုံးပါတဲ့ Currency format နဲ့ apply လုပ်ပေးပါတယ်)

Ctrl + Shift + % (Percentage format နဲ့ Apply လုပ်ပေးပါသည်)

Ctrl + shift + ^ ( Decimal place နှစ်လုံးပါတဲ့ Exponential number format ပုံစံနဲ့ Apply လုပ်ပေးပါသည်)

Ctrl + Shift + & (select Sell တွေမှာ Outline Number ထည့်ပေးပါတယ်)

Ctrl + Shift + : (Current Time တွေကို enter လုပ်ပေးပါသည်)

Ctrl + 1 ( Format Cell dialog box ကို open လုပ်ပေးပါသည်)

Ctrl + 2 (bold formatting ကို Apply/ remove လုပ်ပေးပါသည်)

Ctrl + 3 (Italic formatting ကို Apply/remove လုပ်ပေးပါသည်)

Ctrl +4 (Underline ကို Apply/ remove လုပ်ပေးပါသည်)

Ctrl + 5 (Strikethrough ကို Apply /remove လုပ်ပေးပါသည်)

Function Key အနေနဲ့ဆိုရင်တော့

Ctrl + F1 (Excel Ribbon ကို display/ hide လုပ်ပေးပါသည်)

Alt + F1 (Current page ထဲက Data ကို chart ဖြစ်အောင်လုပ်ပေးပါသည်)

Alt + Shift + F1 (New worksheet တစ်ခုကိုinsert လုပ်ပေးပါည်)

Shift + F3 (Insert function dialog box ကိုပေါ်ပေးပါသည်)

Ctrl + F4 (selected ဖြစ်သွားတဲ့ work book window ကို close ပေးပါတယ်)

F5 ( Go to Dialog box ကို display လုပ်ပြမှာပါ)

Ctrl +F9 ( Work Book Window ကို icon တစ်ခုဖြစ်အောင် minimize လုပ်ပေးပါတယ်)

Ctrl + F10 (icon အနေနဲ့ minimize ဖြစ်သွားသော Select workbook ကို maximize ပြန်လုပ်ပးသည်)

F11 ( Select Data rang တစ်ခုကို chart အဖြစ်ပြောင်းပေသည်)

Shift + F11 ( New workbook တစ်ခုကို Insert လုပ်ပေးပါတယ်)

Alt + F11 ( Microsoft Visual Editor ကို open လုပ်ပေးပါတယ်)

အမှတ်တရ


ဉာဏ်မောင်။ ။ဖေဖော်ဝါရီ ၄၊ ၂၀၀၈

၎င်းရက်တွင်ဖော်ပြခဲ့သော လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား ရုံသွင်းပြသဆိုသည့် ခေါင်းစဉ်လေးအတွက်…….

ညာဏ်မောင် ရိုးမ၃တွင်ဖော်ပြသော ကယာန်းပဒေါင်လူမျိုး၏ မြန်မာပြည်တွင် အဆင်းရဲဆုံးစာရင်းဝင်အဖြစ် “လူသားတိရစ္ဆာန်ရုံတစ်ခုအနေဖြင့် ဘန်ကောက်နှင့်အခြားမြို့ကြီးများတွင် ရုံတင်ပြသသည်အထိ တွေ့ရှိသောကြောင့် အတိုင်းမသိ(စိတ်မကောင်း)၀မ်းနည်းခဲ့ရပါတယ် ညဏ်မောင်ရေ ကျွန်တော်ဟာ ကယားပြည်နယ်က ကယာန်းပခေါင်လူမျိုး တစ်ယောက်ပါ အရှိတိုင်းအခုလိုမှန်ကန်စွာဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ရိုးရာစာတမ်း တစ်ခုဖြစ်နေလို့လည်း ပြန်လည်တင်ထားခဲ့ပါတယ်။


ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာဒုက္ခသည် လည်ပင်းရှည် ပဒေါင်လူမျိုးများကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားခရီးသွားဝင်ငွေအဖြစ် ရုံသွင်းပြသလျှက်ရှိသည်။

ထိုပဒေါင်အမျိုးသမီးများကို ထိုင်းနိုင်ငံတွင်ပင် ထိန်းသိမ်းထား ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အဓိကအခန်းကဏ္ဍမှ ဝင်ငွေရရှိနေသည့်အတွက် ယင်းကဲ့သို့ ပြသနေခြင်းဖြစ်ပြီး အခြားနိုင်ငံများသို့ ထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားခြင်း ဖြစ်သည်။

၎င်းပဒေါင်မျိုးနွယ်စု အမျိုးသမီးများသည် မိရိုးဖလာအရ ယင်းတို့၏ လည်ပင်းတွင် သတ္တုကွင်း များ အဆင့်ဆင့် စွပ်ထား သောကြောင့် လည်ပင်းအရှည်ကြီးဖြစ်နေသဖြင့် သာမန်လူများ ထက် ထူးခြားနေကာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များက အထူးစိတ်ဝင်စားလျှက်ရှိသည်။

ကယန်း(ပဒေါင်လည်ပင်းရှည်)လူမျိုး အများစုသည် ကယားပြည်နယ်မှဖြစ်ပြီး ၎င်းတို့၏ ထူးခြားသည့် ဓလေ့ရိုးရာများကို လာရောက်ကြည့်ရှုသည့် နိုင်ငံခြားသား ခရီးသွားများအား ရိုးရာပစ္စည်းများရောင်းခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရပြီး ဘန်ကောက်နှင့် အခြားမြို့ကြီးများတွင် “လူသားတိရစ္ဆာန်ရုံ”ကဲ့သို့ ပြသခြင်းခံနေရသည်။

လွန်ခဲ့သော (၂) နှစ်က ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောဆိုရာတွင် ထိုင်းအာဏာပိုင်များက ကယန်းမျိုးနွယ်စု(ပဒေါင်) လူ ၂၀ ဦးကို ဖင်လန်နှင့် နယူးဇီလန်နိုင်ငံသို့ အခြေချနေထိုင်ရန် ထွက်ခွာမည့် အစီအစဉ်ကို တားမြစ်ထားခဲ့သည်။

ယခုကဲ့သို့ တိုင်းရင်းသားများကို ခုတုံးလုပ် ၀င်ငွေရှာနေခြင်းများကို ရပ်တန့်ကာ လာမည့်ဇူလိုင် လတွင် အာစီယနိုင်ငံများ၏ ဥက္ကဌသစ်ဖြစ်လာမည့် ထိုင်းနိုင်ငံအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေးမြှင့်တင်ဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သည့် အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက် ဖြေရှင်းပေးရန် ဥရောပသမဂ္ဂ(EU)က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံစစ်အစိုးရအနေဖြင့်လည်း ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်အတွင်း တိုင်းရင်းသားကျေးရွာဟု ဆိုကာ ရန်ကုန်မြို့တဖက်ကမ်းရှိ သန်လျှင်မြို့တွင် နိုင်ငံခြားခရီးသွားဝင်ငွေရရှိရန် လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

အချိန်ဆိုတဲ့ရွက်လှေ


မှော်ဝင်အချိန်

အချိန်ဆိုတာလူကိုမစောင့်

လူသာလျှင်အချိန်ကိုစောင့်လေရဲ့

တစ်ရက်ပြီးတစ်ရက်

တစ်လပြီးတစ်လ

တစ်နှစ်ပြီးတစ်နှစ်

အော် လျှောက်လှမ်းလေကြ လူသားများရေ

၂၀၀၈ ကမ်းခြေသို့ဆိုဒ်ကပ်လေပြီ

အသင်ဘာမျော်တွေးသနည်း

အသင့်ရဲ့ အနာဂတ်ပန်းခင်းကအဘယ်နည်း

အသက်သာကြီး မရေရာတာကအကျွန်ပ်

ကျွန်ပ်ရေးခဲ့ဖူးလေရဲ့

ပန်းတိုင်ဆိုတာ လူသားများတွက်

စာတန်နတ်ရဲ့

စမ်းသပ်ကွင်းလေးတစ်ခုမို့

ကိုယ့်ပန်းတိုင်ကို ဆုံးရှုံးမခံခဲ့လေကြရဲ့

သို့ပေမဲ့လည်း

အမှောင်ထုရဲ့ လွမ်းမိုးမှုအောက်

ရောင်နီသန်းတဲ့ နေ့သစ်လေးကို

အဘယ်သို့ရှာဖွေရပါဘိ

ဘ၀မှာ လိုအင်ဆန္ဒပြည့်စုံဖို့

ဘုရားမှာဆုတောင်း ကိုယ်ကျင့်တရားကောင်ရုံနဲ့

မလုံလောက်မှန်းသိပေမဲ့

အငွေ့သက်သက်ကျန်လေနေတဲ့

အဆိပ်ခွက်ထဲမနှစ်တစ်နှစ်

အာရုံလေးကမကွဲတကွဲ

အမြင်လေးက အလွမ်းပင်လယ်ကမ်းပါလေးလိုပဲ

အတွေးခေါင်ခေါင် အရည်ပါးပါး

ဖြေသာမှုလေး ကြေလွင့်တဲ့ညများစွာ

အားတင်းစမ်းပါ ငါ့ကောင်းကင်ရေ

မနက်အာရုံဦးသည်နှင့်

ပြောင်းလဲမှုတွေနဲ့ အသင်မြင်တွေ့ရမှာပါ

အလင်းနဲ့အမှောင်ဆိုတာ

ကမ္ဘာဦးကတည်းက ဒွန်တွဲပြီးရှိနေပြီးသားပါကွာ

Blogger Templates by Blog Forum