ဘ၀ခွန်အား
Tuesday, November 13, 2007 by ဂျူလီယာ
ဘ၀ခွန်အား (၂) |
|
ဆုံးရှုံးတဲ့အရာတွေအတွက် စိတ်ပူပင်မနေပါနဲ့ |
မနက်ဖြန်ဆိုတာ မင်းအိပ်ယာကနိုးလာတဲ့အချိန်မှာ |
ပြောင်းလဲမှုတွေနဲ့ မြင်တွေ့ရမှာပါ……… |
ဆုံးရှုံးမှုဆိုတာ အောင်မြင်မှုလမ်းကြောင်းပေါ်က |
ပထမဦးဆုံးခြေလှမ်းပါကွယ် ……. |
ဒုက္ခပြဿနာတွေနဲ့ ကြုံတွေ့တဲ့အခါမှာ |
ဒီထက်ကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်နေရတဲ့သူတွေ |
ကမ္ဘာမှာ အများကြီးရှိနေသေးတယ်ဆိုတာ |
အမှတ်ရပါကွယ် |
လောကမှာ လူကိုမကြည့်ငွေကိုပဲမြင်ပြီး |
ဘ၀ကိုရေတိမ်မှာ မနှစ်မိစေနဲ့နော် …. |
လက်တွေ့ဘာမှ မလုပ်သေးပဲနဲ့ တွေးကြောက်နေတာဟာ |
ပြဿနာကို ဟန့်တားနေတာမဟုတ်ဘူး |
ဘ၀ကိုအရှုံးပေးတာနဲ့ အတူတူပဲ |
ကိုယ့်သမိုင်းကိုရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေတဲ့ လောကမှာ |
ကံကိုပဲ အပြစ်ပြောလို့မဖြစ်ဘူးနော်……. |
တဒင်္ဂရင်ဆိုင်နေရတဲ့ ပြဿနာကြောင့် |
ထာဝရဆုံးရှုံးမှု မဖြစ်စေနဲ့နော်….. |
မင်းဘ၀ကိုပြန်လည်မသုံးသပ်ဘူးဆိုရင် |
ဘ၀ကို အဆိပ်ခွက်ထဲနှစ်တာနဲ့ အတူတူပဲ … |
ခါးသီးတဲ့ဒုက္ခတွေကြားမှာ |
ချိုမြိန်တဲ့ သုခလေးကိုရှာဖွေကြည့်ပါကွယ်…….. |
ဒုက္ခရောက်နေတဲ့အချိန်မှာ ကြေကွဲနေတဲ့နှလုံးသားကို |
နားလည်မှု အပြစ်ဝပေးနိုင်တဲ့သူဟာ မိတ်ဆွေစစ်ပါ …… |
မင်းမှာ ဘာအခက်ခဲ ပြဿနာမှမရှိသေးဘူဆိုရင် |
မင်းဘာမှမလုပ်သေးဘူးဆိုတာသေချာနေပြီ …….. |
အကူညီလိုအပ်နေသူကို |
ကိုယ်၊ စိတ်၊ နှုတ်အားဖြင့် ကူညီပေးလိုက်ပါ |
မင်းဒုက္ခရောက်နေတဲ့ အချိန်မှာလဲ |
ကူညီပေးမဲ့သူပေါ်လာလိမ့်မယ် ……… |
သံသယရဲ့ မျက်လုံးတစ်စုံနဲ့ |
သူတစ်ပါးရဲ့ အားနဲချက်ကိုပဲ ကြည့်ရှုပြောဆိုနေခြင်းဟာ |
ကြီးမားတဲ့ ဒုက္ခပြဿနာတစ်ခုပါ …… |
ဒုက္ခပြဿနာကို မရင်ဆိုင်ချင်တဲ့သူဟာ |
သုခစည်းစိမ်ကို မလိုချင်တဲ့သူပဲ ……. |
တခါတစ်ရံ သူများကိုယ့်ကို ဒုက္ခပေးတာထက် |
ကိုယ့်ကိုကိုယ် ဒုက္ခပေးတာ ပိုများတယ် ……….. |
ဖြစ်သမျအကြောင်းအကောင်းချည်းပဲဆိုပြီး |
ရေစုန်မျှောနေလို့ မဖြစ်ဘူး |
် ရေဆန်တက်တဲ့ အချိန်လဲရှိရမယ် ……….. |
ကျွန်မရဲ့ အစ်မရေးပေးထားသော စာလေးတွေပါ
.....မမျော်လင့်ပဲ ဖြစ်လာမဲ့ အနာနာဂါတ်ပြသာနာတွေကို တွေးပြီးကြောက်နေတတ်တဲ့ မျက်လုံးပြုးလေးသို့ ထာဝရရည်ရွယ်ရင်း ........
* ညီမလေးရေ
စကားလုံးသန်းပေါင်းများစွာနဲ့
ပြဿနာတစ်ခုကိုဖြေရှင်းနေမဲ့အစား
ကောင်းမွန်တဲ့အပြုမှုလေးနဲ့ဖြေရှင်းကြည့်လိုက်ပါ
ခြားနားချက်ကို သင်သိရှိလာလိမ့်မယ်......
* ညီမလေးရေ
ဆိုးဝါးတဲ့ အတိတ်က အရိပ်မဲကြီးဟာ
ပစ္စုပန်ကိုပဲ လွမ်းမိုးနေတာမဟုတ်ဘူး
အနာဂတ်ကိုပါ ခြောက်လှန့်တုန်လှုပ်စေတယ်......
* ညီမလေးရယ်
တွယ်ရာမဲ့အဖြစ်တစ်ခုထက်
ကွယ်ရာမဲ့ အပြစ်တစ်ခုက ပိုပြီး ဒုက္ခပေးပါတယ် ......
* ညီမလေးရယ်
ကျီးပေါင်းတက်ပြီး အရိုးပြန်ဆက်တဲ့နေရာဟာ
ပိုပြီးမာကြောသန်မာနေသလိုပဲ
ကြေကွဲနေတဲ့နှလုံးသားဟာ
ပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖြင်းအားဖြင့်
ပိုပြီးရင့်ကျက်လာလိမ့်မယ် .......
* ညီမလေးရယ်
လောကကြီးမှာ တကယ်ကြိုးစားနေတဲသူတွေအတွက်
နေရာအမြဲရှိပ်တယ်ကွယ်......
* ညီမလေးရယ်
မင်းရဲ့ ဝေဒနာအလုံးကို ရေတွက်ကြည့်လိုက်ပါ
ပြီးရင် တစ်ခုပြီးတစ်ခု ဖြေရှင်းသွားပါနော်
်