သွားကြစို့လား


သွားကြစို့

* သွားကြစို့ မင်းနဲ့ ငါ

ဘ၀အမောတို့ ချုပ်ငြိမ်းရာ

ပျော်ရွင်ခြင်းတို့ စံပျော်ရာ

ငါတို့…….သွားကြစို့

* သွားကြစို့ မင်းနဲ့ငါ

မျောလင့်ခြင်းရဲ့ အနာဂါတ်

တောင့်တမိတဲ့ ငြိမ်းချမ်းမဲ့နေရာ

ငါတို့……..သွားကြစို့

*ငါတို့ လျှောက်မဲ့လမ်း

ဘယ်လောက်ကြမ်းတမ်းပါစေ

ဘယ်လို အခက်အခဲ

အတားအဆီး တွေကြုံပါစေ

ငါတို့ရဲ့ ယုံကြည်ချက်တွေက

ငါတို့အတွက် အားအင်ဖြစ်ရမယ်

ငါတို့၇ဲ့ တွဲလက်တွေက

ထာဝရခိုင်မြဲစေရမယ်

*ဟိုး…..အဝေးကို

ကြည့်လိုက်စမ်းပါချစ်သူ

လှပတဲ့ အနာဂါတ်သစ်က

အသင့်ဆောင့်ကြိုနေပြီ

ငါတို့သွားကြစို့လား


လွမ်းဝေ


0 comments:

Blogger Templates by Blog Forum