ဆောင်း

ဆောင်းနှင်းအေးအေးလေးရိုက်ခတ်လေပြေလေးတွေတဟုန်းဟုန်ထ သြလွမ်းလှပါပေ့ မွေးဌာနေ ဘာလိုလိုနဲ့ ဆောင်းလေးကတော့ တရွေ့ရွေနဲ့ကုန်ဆုံးနေပြီ ဒီနှစ်ဆောင်း ဘာလို့ဒီလောက် ငီးငွေ့ဖို့ကောင်းနေတာ ပါလိမ့် သူငယ်ချင်းတို့ ဌာနေမှာဘယ်လိုနေလဲတော့မသိပေမဲ့ ကျွန်မတို့ရွှာလေးမှာတော့ ခရစမတ် ကယ်ရယ်ဇင်း မထွက်ခိုင်းဘူးဆိုတာကြားတော့ အရမ်းစမ်းနည်းမိတယ် တစ်အိမ်တက်တစ်အိမ်ဆင်းသူငယ် တော်ရဲ့သတင်းကောင်းတွေဖြန့်ဝေ ကောင်းကြီးမင်္ဂတွေပေး အရမ်းပျော်ဖို့ကောင်းတဲ့နေ့ရက်လေးကို သတိရလိုက်တာ …..

မှတ်မိသေးတယ် အပျင်းကြီးတဲ့ ကျွန်မတို့ရပ်ကွက်ထဲမှာဆိုရင်ပေါ့ သီချင်းတိုက်ဖို့ပျင်းလို့ ဒေါ်တူးတူးဗီဒီယိုရုံ ထဲမှာပုန်းပြီး ကြည့်ချင်ယောင်ဆောင်တဲ့လူကကြည့် အလုပ်ရှိတယ်ဆိုပြီး ရည်းစားနဲ့ချိန်းတဲ့လူကချိန်း လူငယ် ခေါင်းဆောင်ကဒေါခီးပြီး အရမ်းအဆူပုတ်တဲ့ဒေါ်တူးတူး ရုံထဲမှာ ခရစ်စမတ်သီချင်းမတိုက်တဲ့ကောင်မလေးတွေ မုဆိုးဖိုနဲ့ညားပါစေ၊ လူပျိုဆိုရင်အအို ကြီးနဲ့ညားပါစေ လှမ်းကာအော် လူငယ်ခေါင်းဆောင်ကိုယ်တိုင် ဒေါ်တူးတူးနဲ့စကားပေါပြီး ဥက္ထထက ခေါင်းတောင်ကြီးကို ဒဏ်ခတ်ခံရသေးတယ်လေ …..

ဆောင်းအချိန်ဆိုရင် ရွေစပါးတွေရွာသွန်းတဲ့ချိန်ပေါ့ ကောက်ရိတ်သူရိတ် စပါးပုတ်သူပုတ် ညအခါလသာသာ အချိန်မှာစပါးပုတ်ရင်း ခရစ်တော်ရဲ့ သတင်းကောင်းတွေဆိုတဲ့လူကဆို ၀ါသနာအိုးလူတွေကျတော့လည်း ပိုဆိုးသေးတယ် လယ်ကွင်းထဲကနေပြန်ပြီး ခြေလက်တောင် မဆေးပဲ မျက်နှာလေးသာလှလှပပပြင်ကြ မျက်နှာကြည့်တော့ သနပ်ခါးတွေကအဖွေးသား အောက်ပိုင်းကြည့်တော့ အသားလည်းပတ်၊ ခြေဖနှောင့်တွေ ကလည်းကွဲ အရေးထဲခြေလက်ထပ်မဆေးတော့ ဟီးစဉ်းစားလိုက်ပါတော့ အော်တောရွာဓလေ့တော့ ပေါ်လွင်လှပါရဲ့ သူတို့ကို ကြည့်တော့ပျော်ရွင်လို့ပဲလေဲ…… မြန်မာသီချင်းဆိုရင်တော်ပါသေးရဲ့ အင်္ဂလိပ် သီချင်းဆိုရင် ဂီတသံ၊စာနဲ့အသံနဲ့တခြားစီပဲ နားထောင်လို့လည်း အရမ်းကောင်း တာပဲ ဟီးဟီးဟီး……. အွန်လှိုင်းကသူငယ်ချင်းမျာအာလုံးလည်း ကြိုဆိုလျှက်ပါ။

ၾကားဖူးသမ်

ဒီရက်တော့ ကျွန်မကြားဖူးသမျှ အသီးအရွက်နှင့်ဆေးများ အကြောင်းတွေပါ အထူးသဖြင့် ကျွန်မတို့ တောင်ပေါ်ဒေသ တောရွာလေးတွေမှာ ဖျားနာမှု တစ်ခုခုဖြစ်ရင် ကုသဖို့ ဆေးရုံဆေးခန်း ဆိုတာရော ဝေးသတဲ့သေးပေါ့ အဲချိန်မှာ သူတို့တတွေ ဆေးအစားထိုး ဈေးလည်းသက်သာ ဆေးဝါးလည်းဖြစ်ဆိုတဲ့ အသီးရွက်တွေ သုံးဆောင်သုံးစွဲတာကို တွေ့ရပါတယ် တစ်ချို့သောလူတွေက သူတို့သုံးစွဲလိုက်လို့ ထိထိရောက်ရောက် ပျောက်ကင်းတာမျိုးလည်းတွေ့ ဖူးလို့ အံ့သြမိပါတယ်… ကျွန်မလည်းမှတ်မိ သလောက်တော့ ပြန်ပြောပြပါမယ် ၊ တစ်ချို့သောသူတွေလည်း သိပြီးသားတွေ ဖြစ်မှာပါ….


လေဖြတ်နေရင် ….သဘောင်္သီး အစိမ်းတစ်လုံးကို (၂) ခြမ်းခွဲ ၊ အဲဒီအခြမ်းထဲမှာ အိမ်မွေးဘဲဥ တစ်လုံးကိုထည့်ပြီး ပြန်ပိတ်ပါ သံကြိုးနဲ့ ချီပြီး မိးနဲ့ကင်ပါတဲ့ သဘောင်္သီးမဲပြီး ကျက်နေလောက်ပြီဆိုရင် အထဲမှာထည့်ထားတဲ့ ဘဲဥလေးကိုစားလိုက်ပါတဲ့ အကြိမ်များများ စားနိုင်သလောက်စားပေးပါ ပြန်ကောင်းလာပါတယ်လို့ ကြားဖူးပါတယ်......

လေဖြတ်တာကိုကာကွယ်ချင်ရင်တော့ တစ်နေ့ကို ကြက်သွန်နီဥ အရင့်မျိုး တစ်ရက်တစ်လုံး တစ်နှစ်တိတိစားပေးရုံဖြင့် လေဖြတ်ဖြင်းကို ကာကွယ်တယ်လို့ ပြောကြပါတယ်


သွေးတိုးသမားတွေကျတော့ အတတ်နိုင်ဆုံး ပန်းခါးများများစားပေးပါတဲ့ သွေးတိုးအတွက် အကောင်းဆုံးဆေးတဲ့ကွယ်.....


နှလုံးရောဂါ .. ..သမားတွေဟာ နှင်းဆီပန်းပွင့် အခြောက်ကို ရေစိမ်သောက်ပါတဲ့။ တရားများများထိုင်ပေးနိုင်ရင် နှလုံးရောပါသည်အတွက် အကောင်းဆုံးလို့ ကြာရပါတယ်……..


ထုံ၊ နာကျင်ကိုက်ခဲနေရင်…. မုန်ညင်းဆီ (၅) ကျပ်သား ၊ နှမ်းဆီစစ်စစ် (၅) ကျပ်သား ၊ ဓါတ်ဆီ (၅) ကျပ်သား ၊ ရှောက်သီး (၁) လုံး ၊ အရက်ဆီ (၁) ပိုင်း အဲဒါတွေအားလုံးကို အကုန်ရောစပ် လေလုံအောင်ပိတ်ပြီး (၃) ရက်တိတိ မြေမှာပြုတ်ပါတဲ့ သုံးရက်ပြည့်ရင် ပြန်လည်ထုတ်ပြီး ကိုယ်လက်ကိုက်ခဲနေတဲ့ နေရာတွေ သုတ်လိမ်းပေးပေါ့တဲ့ … သောက်ဖို့မဟုတ်ဘူးနော် .. ဟဲဟဲဟဲ ….


မိန်းမဘာညာဘာညာ ဖြစ်နေလို့ နာကျင်ကိုက်ခဲနေလျှင် ဂျင်းနဲ့ ထန်းလျှက်ကို ပူပူလေးကြိုသောက်လိုက်ပါတဲ့……


နားလေထွက် …ဖြစ်နေရင် သဘောင်္ရွက်အရင့်ကို မီးကင်စားပါ သက်သာပါလိမ့်မယ် လို့ ပြောကြပါတယ်........


သွေးကင်ဆာ ..သမားတွေဟာ လူအရိုး ၊ ပျားရည် ၊နံသာနီ အဲဒီသုံးမျိုးကို စပ်သောက်တဲ့ သွေးကင်ဆာအတွက် အထူးဆေးလို့ သောက်ဖူးသူတွေပြော ကြပါတယ်


HIB စဖြစ်သမားတွေက မဟာပိန်းဥကို ပါးပါးလီးပြီး အခြောက်လှမ်းပါ ။ ခြောက်ပြီးဆိုရင် အမုန့်ထောင်းပြီးပန်းခါးအမုန့် ၊ ပျားရည် နဲ့ ရောစပ်ပြီး တရက်အနည်းဆုံး (၃) ကြိမ် ၊ တစ်ခါသောက် တစ်ဇွန်း ပုံမှန်သောက်ပေးပါတဲ့.....

ၾကားဖူးသမ် ဖတ္ဖူးသမ်မွ



ပျော်စရာဒီဇင်ဘာ

myspace codes
Myspace Codes: MyNiceSpace.com


myspace codes
Myspace Codes: MyNiceSpace.com

သူငယ်ချင်းရောင်းရင်များတို့ရေ

ကျွန်ပ်တို့ပြုခဲ့မိသောအပြစ်များအတွက်

ကယ်တင်ဖို့ သူငယ်တော်ဖွားမြင်တော်မူလေပြီ

ကျွန်ပ်တို့အတွက်

ကြီးမားစွာ မျော်လင့်ချက်ပေးနေတဲ့

ဒီဇင်ဘာဆောင်းညကြီးထဲမှာ

သင်တို့အားလုံးလည်း

ဘုရားသခင်၏ ကောင်းချီးတော်နဲ့အတူ

ခရစ်စမတ်မှာ ပျော်ရွင်ကြပါစေကွယ်…………

ဂျူလီယာ






ဆောင်း

ဆောင်းအိမ်မက်
အိမ်အပြင်မှာ နှင်းတွေကျနေပြီ

ဆောင်းရေ၀င်လာနေပြီလား

ရာသီသုံးခွင်ထဲမှာ ဆောင်းဟာ

ငါအနှစ်သက်ဆုံးပါဆောင်းရေ

အေးမြတဲဆောင်းရဲ့အပြုံးအောက်

ခေတ္တပျော်ရွင်ခဲ့ဖူးတယ်...


ဆောင်းဆိုတာလေးကြားရင်

သတိရခြင်းတွေကလည်း ရင်တထိပ်ပဲ

ခရစ်စမတ်သီချင်းတွေဟစ်ဆို

ခရစ်တော်ရဲ့ သတင်းကောင်းတွေဖြန့်ဝေ

ဆို၊က၊ရေး၊တီး တူစုံတွဲညတွေနဲ့

New Year ညကိုဖိတ်ခေါ်

မမေ့နိုင်ဖွယ်များတွေလည်းများလှတဲ့

ဒီဆောင်းရေ....


ကောင်းကင်ကြီးကလည်း

မိတ်တုပ်မိတ်တုပ်ကြယ်စင်လေးမျာနှင့်အတူ

လရောင်လေးကအေးမြတဲ့ အပြုံးလေးနဲ့

ဆောင်းညရဲ့အလှကို ပုံဖော်နေကြလေရဲ့

ကြည်နူးဖွယ်ရာကောင်းသလို

လွမ်းဆွတ်ဖို့လည်းကောင်းလိုက်လေနော်...


ခုတော့ဆောင်းလေးရေ

လူတကာတွေ အေးချမ်းလှပကြတဲ့

ဒီဆောင်းရိပ်အောက်မှာ

ငါ့အတွက်တော့ နွေကမ္ဘာများ ဖြစ်ခဲ့ရပြီလား

စိုထားတဲ့မျက်ဝန်းတွေလည်း ခြောက်သွေ့စွာနဲ့ပေါ့

ဆုတောင်းခဲ့ပါတယ်ဆောင်းရယ်

ဖြစ်နိုင်မယ်ဆိုရင်လေ

နှင်းတွေပျောက်မနေပါစေနဲ့လို့….


Happy Birthday



Happy Birthday For You … :P


ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်း ကျွဲဖြူ (ခ) မျိုးကြီး ရေ
၂၉.၁၁.၂၀၀၇ (ကြာသပတေး) နေ့

မင်းအသက်တစ်နှစ်ကြီးလာပြန်ပြီနော်
ဒီလိုမင်္ဂလာရှိတဲ့မင်းရဲ့ မွေးနေ့ ပွဲမှာငါကတစ်နေ

မင်းကတစ်မြို့ ဖြစ်နေလို့

ဒီကနေပဲ မင်းအတွက် မွေးနေ့ကိက်

ပေးလိုက်မယ်နော် ……. ၀အောင်စားနော် ….ဟဲဟဲ

အင်း …မင်းအသက်တစ်နှစ်ကြီးလာသည်နဲ့အမျ

ဘ၀ကိုလည်းတန်ဖိုးထားတတ်ပြီး

ဘုရားရဲ့ကောင်းကြီးတော်အောက်မှာ

စိတ်နှလုံးငြိမ်းချမ်းသာယာစွာဖြင့် ဘ၀ရဲ့မုန်တိုင်းကို

ပျော်ပျော်ရွင်ရွင် ငြိင်းငြိင်းချမ်းချမ်းနဲ့

ကျော်လွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်……..


ဘ၀ခွန်အား (၃)


ညီမလေးရေ

ဒုက္ခပြဿနာဆိုတာ ပန်းတိုင်သ
ွားမဲ့လမ်းကြောင်းပေါ်က
စမ်းသပ်ကွင်းလေးတစ်ခုပါ
ကိုယ့်ပန်းတိုင်ကိုတော့ အဆုံးရှုံးမခံနဲ့နော် ........


နေ၀င်ဆည်းဆာရဲ့ အမှောင်ထုညကြီးကို
ကျော်လွန်ပြီးချိန်မှာ
အရုံဦးရဲ့ ရောင်နီဖြာကကျွန်ပ်တို့ကို
နွေးထွေးစွာကြိုဆိုနေမှာပါ...........

ဒုက္ခဆိုတာ
ဝင်ပေါက်ကြယ်ပြီး ထွက်ပေါက်ကျဉ်းတဲ့ သဘောရှိတယ်
အခက်ခဲပြဿနာသာ မရှိဘူဆိုရင်
ဘ၀ဆိုတာ အဓိပါယ်ရှိမ
ှာ မဟုတ်တော့ဘူး
ဒါကြောင့်
ဒီအခက်ခဲတွေနဲ့အတူ ရဲရဲတင်းတင်းရှေ့ကိုလှမ်းပါ.........


ညီမလေးရေ
အဆုံးမရှိတဲ့ ချစ်ခြင်းတွေနဲ့အတူ အနွေးထွေးဆုံး ပိုင်ရှင်ဖြစ်တဲ့
ဘုရားရှင်ပေါ်မှာ မင်းရဲ့ဝေဒနာကိုပုံအပ်လိုက်ပါ .......


ဒုက္ခဝေဒနာကို ကြိတ်မှိတ်ပြီး ထိန်းချုပ်နေခြင်းဟာ

အတွင်းနှလုံးသားကို
အစိပ်စိပ်အမွာမွာ ချက်ဆီးနေတာနဲ့ အတူတူပဲ ......












မင်းဘယ်လောက်ထ်ရင့်ကျက်နေပြီလဲဆိုတာ
စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ
မင်းဘယ်လိုဖြေရှင်းခဲ့သလဲ ဆိုတဲ့ အချက်ပေါ်မူတည်ပြီး
ဆုံးဖြတ်ရလိမ့်မယ် ........


ငါတော်
ငါတတ်
ငါသိ
ငါလုပ်မှဖြစ်မယ် ဆိုတဲ့ စိတ်ဓါတ် မင်းဆီမှာ ရှိနေပြီဆိုရင်
ပြနာရဲ့သားကောင်ဟာမင်းပဲ .............

စိုးရိမ်ကြောက်ရွံ့ မှုတွေနဲ့ ဒုက္ခပြဿနာကြားထဲမှာ
နှစ်မွန်းနေမယ်ဆိုရင် မင်းဟာ
မိုက်ရူးရဲရာ ကျလိမ့်မယ် ...

ဒေါသထွက်နေတဲ့အချိန် ပြဿနာတစ်ခုကို ထိပ်တိုက်
ဒါမှမဟုတ် စာနဲ့ရေးပြီး မဖြေရှင်းပါနဲ့
သွေးအေးတဲ့ အခါကျမှလုပ်စရာရှိတာဆကိလုပ်ပါ ........


ငြင်းပယ်ခံရမှုနဲ့ ဝေဖန်ပြောဆိုခံနေရခြင်းအတွက်
စိတ်သောကမရောက်စေနဲ့
လူတိုင်းအကြိုက်လိုက်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး........


ဘ၀ရဲ့ အမှောင်ညတွေပြီးရင်
လင်းလက်တဲ့ နေ့သစ်တွေ ရောက်ရှိလာလိမ့်မယ်
ဘာဖြစ်လို့လဲဆိုတော့ အလင်းနဲ့အမှောင်ဆိုတာ

ကမ္ဘာဦးကတည်းက ဒွန်တွဲပြီး ရှိနေပြီးသားပါ..............




get this flash


ဘလောက်တစ်ခုလာလည်ရင်း တွေ့ခဲ့တာပါ ချစ်စရာကောင်းလို့ တင်လိုက်ပါတယ်.......

"
ကျွန်မတော့ ချစ်သူပန်းခင်းလို့ အမည်ပေးလိုက်မယ်နော်"

သွားကြစို့လား


သွားကြစို့

* သွားကြစို့ မင်းနဲ့ ငါ

ဘ၀အမောတို့ ချုပ်ငြိမ်းရာ

ပျော်ရွင်ခြင်းတို့ စံပျော်ရာ

ငါတို့…….သွားကြစို့

* သွားကြစို့ မင်းနဲ့ငါ

မျောလင့်ခြင်းရဲ့ အနာဂါတ်

တောင့်တမိတဲ့ ငြိမ်းချမ်းမဲ့နေရာ

ငါတို့……..သွားကြစို့

*ငါတို့ လျှောက်မဲ့လမ်း

ဘယ်လောက်ကြမ်းတမ်းပါစေ

ဘယ်လို အခက်အခဲ

အတားအဆီး တွေကြုံပါစေ

ငါတို့ရဲ့ ယုံကြည်ချက်တွေက

ငါတို့အတွက် အားအင်ဖြစ်ရမယ်

ငါတို့၇ဲ့ တွဲလက်တွေက

ထာဝရခိုင်မြဲစေရမယ်

*ဟိုး…..အဝေးကို

ကြည့်လိုက်စမ်းပါချစ်သူ

လှပတဲ့ အနာဂါတ်သစ်က

အသင့်ဆောင့်ကြိုနေပြီ

ငါတို့သွားကြစို့လား


လွမ်းဝေ


ကောင်းကင်မေမေ



ကောင်းကင်မေေ


မေမေ
မေမေဟာ

သမီးဘ၀ရဲ့ ခွန်အား

သမီးဘ၀ရဲ့ အလင်းရောင်

သမီးအတွက် အနှိုင်းမဲ့မေတ္တာ

မေမေဟာသမီးရဲ့

ကောင်းကင်ပါမေမေ



မသိတတ်စ အရွယ်တုန်းက

မေမေဆိုတာ ရိုသေရကောင်းမှန်းမသိ

အမေ့ရှေ့မှာ လက်ဖ၀ါးဖြန့်

လိုတာမရရင် တဒုန်းဒုန်း ၊ ရှိတာကိုအကုန်လွင့်

သမီးအကြိုက် မေမေလုပ်ပေး

သမီးဆိုးရာ အမြဲခွင့်လွတ်တတ်တဲ့

မေမေရယ်


အခုမေနဲ့ဝေးရာမှာ

အမေ့ရဲ့ဆုံးမသံတွေ

နားထဲမှာပက်တင်ထနေသလိုပါပဲ

မေမေဟာ သမီးရဲ့ ကောင်းကင်စစ်ပါ

တချိန်တုန်းက ကောင်းကင်ရဲ့  မာယာတွေကို

အထင်မှားခဲ့တဲ့သမီးက

တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း

တကယ်တမ်းကျတော့

ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား


ခုတော့မေမေရေ

အစားထိုးလို့မရတော့တဲ့ အမေ့ရဲ့အချစ်အတွက်

အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို

လွမ်းလိုက်တာမေမေရယ်

ခုတော့ လောကဓံရဲ့ မုန်တိုင်းကြားမှာ

ဘ၀လှေကို


အားမာန်နဲ့ လှော်ခတ်ဆဲပါမေမေ။



မေမေသို့တမ်းချင်း

အမှတ်တရတန်ဆောင်တိုင်

အလွမ်းငွေ့




တန်ဆောင်တိုင်များလည်း တစ်နှစ်ပြီးတစ်နှစ် ကျော်လွန်လာပြီနော်

သူငယ်ချင်းတို့ရေ ခုချိန်မှာ မင်းတိုကဘာတွေလုပ်နေလဲ

ဘာတွေတိုးတက်လာပြီလဲ …….

တို့တတွေရဲ့ တန်ဆောင်တိုင်ကို မှတ်မိသေးလား

မိအိုဖအိုပါမကျန် ၊ မောင်မယ်စုံတွဲလေးတွေလည်း

ပျော်ရွင်ကြည်နူးခဲ့ကြတဲ့

ဒီလိုပျော်စရာကောင်းလှတဲ့တန်ဆောင်တိုင်ညလေးမှာ

ငါတို့ရဲ့တန်ဆောင်တိုင်လေးကို ပြန်အောက်မေ့ပြီး ပျော်ရပါတယ်

မေ့ထားချင်ပေမဲ့ မှတ်မိနေသေးတဲ့ ညလေးတစ်ည

ငါတို့ရဲ့ တန်ဆောင်တိုင်ညပေါ့

ပေကလပ်၊ ပေကလပ်နဲ့ သူများအတွဲတွေလိုက်ချောင်း

အိမ်ပြန်ရောက်တော့လူတွေစု တက်ညီလက်ညီချီတက်ကြတာ

တော်တော်ဆိုးတဲ့ ငါတို့ရဲ့ သူခိုးညလေးပါနော်

အခုတစနေရာစီအဝေးမှာ လွမ်းဆွတ်ခဲ့ရပြန်ပြီပေါ့

ဒီအမှတ်တရ တန်ဆောင်တိုင်လေးကိုတော့ ငါ့ရင်ထဲမှာ အမြဲကိန်းအောင်းနေဆဲပါ

မင်းတို့လည်းမေ့နိုင်လိမ့်မယ်မထင်ပါဘူး

အဝေးကသူငယ်ချင်းများသို့ သတိရခြင်းများစွာဖြင့်




ချစ်စရာ့ဌာနေ

ချစ်စရာ့ဌာနေ

ဝမ်းစာအတွက် လှုပ်ရှား ရုန်းကန်ပုံ

မျှော်လင့်ချက်မနက်ဖြန်များနဲ့ ကယာန်းလူငယ်များ

ရိုးသားလှတဲ့ ချစ်စရာ့ ကယာန်းလှပျိုဖြူများ

ဖခင်တစ်ယောက်၏ မိသားစုအတွက် တစ်နေ့တာ ရုန်းကန်မှု

ကယာန်းမိခင်တစ်ယောက်၏ တစ်နေ့တာ လုပ်ငနးများ

ကယာန်းလူမျိုး၏ အိမ်တွင်းမှု လှုပ်ငန်းမျာ

တောင်ပေါ်က ကယာန်းမိသားစု

Kayan Woman

တောင်ကွဲစေတီတဲ့ အရမ်းချစ်တဲ့ချစ်သူများ မသွားရဘူးနော် ကွဲသွားတတ်တယ်ဆိုတဲ့ ဆိုရိုးရှိတယ်နော်

love





ကွဲအက်ခြင်း

ချစ်သူ
ကတ္တာရာလမ်းမအထက်မှာ
တစစီကွဲအက်ကြေမွသွားခဲ့ရတဲ့
ငါ့နှလုံးသားရဲ့ နာကြင်မှုကို
ချစ်သူမသိနိုင်ပါဘူး

မိုးလောက်မြင့်တဲ့
ငါ့ရဲ့အိမ်မက်လေးတွေကို
မင်းက
လေထဲဆောက်တဲ့တိုက်အိမ်လေးလို
ပျက်ရယ်ပြုခဲ့တယ်

ငါမင်းကို
သိပ်ချစ်ပါတယ်လို့
ရွတ်ဆိုလိုက်တဲ့ချိန်ကျမှ
မင်းက
အပေါစားအရက်တစ်ခွက်တောက်တောင်
တန်ဖိုးမထားခဲ့...ဲ့







ခွဲခွာချိန်

ငြိမ်သက်ခြင်းရယ် မျက်ရည်တွေရယ်
ငါတို့ရဲ့ ခွဲခွာချိန်လေးမှာပေါ့
မင်းအပြုးံကသက်မဲ့လို့
မင်းအနမ်းကအေးစက်စေခဲ့တယ်
မေ့လိုက်တော့ ဆိုတဲ့စကားတစ်ခွန်းက
ငါ့နှလုံးသားကို
တစ်စစီဆုတ်ဖြဲလိုက်သလိုပဲ ……….

ဟိုအရင်ကချိုမြိန်ခဲ့တဲ့အတိတ်က
အိပ်မက်တစ်ခုလား
ငါတို့ယုံကြည့်ခဲ့တဲ့ အနာဂတ်က
ခွဲခွာခြင်းတဲ့လား …….

ချစ်သူရယ်
ကြေကွဲနာကျင်နေတဲ့
ငါ့နှလုံးသားကို ဥပေက္ခာပြု
ရက်စက်စွာကျောခိုင်း
မင်းရဲ့ခြေလှမ်းတိုင်းမှာ
ငါ့နှလုံးသား ပဲ့ကြွေပျက်သုန်းခဲ့ပြီဆိုတာ
မင်းသိပါစေကွာ ……….
















Blogger Templates by Blog Forum