အချိန်ဆိုတဲ့ရွက်လှေ


မှော်ဝင်အချိန်

အချိန်ဆိုတာလူကိုမစောင့်

လူသာလျှင်အချိန်ကိုစောင့်လေရဲ့

တစ်ရက်ပြီးတစ်ရက်

တစ်လပြီးတစ်လ

တစ်နှစ်ပြီးတစ်နှစ်

အော် လျှောက်လှမ်းလေကြ လူသားများရေ

၂၀၀၈ ကမ်းခြေသို့ဆိုဒ်ကပ်လေပြီ

အသင်ဘာမျော်တွေးသနည်း

အသင့်ရဲ့ အနာဂတ်ပန်းခင်းကအဘယ်နည်း

အသက်သာကြီး မရေရာတာကအကျွန်ပ်

ကျွန်ပ်ရေးခဲ့ဖူးလေရဲ့

ပန်းတိုင်ဆိုတာ လူသားများတွက်

စာတန်နတ်ရဲ့

စမ်းသပ်ကွင်းလေးတစ်ခုမို့

ကိုယ့်ပန်းတိုင်ကို ဆုံးရှုံးမခံခဲ့လေကြရဲ့

သို့ပေမဲ့လည်း

အမှောင်ထုရဲ့ လွမ်းမိုးမှုအောက်

ရောင်နီသန်းတဲ့ နေ့သစ်လေးကို

အဘယ်သို့ရှာဖွေရပါဘိ

ဘ၀မှာ လိုအင်ဆန္ဒပြည့်စုံဖို့

ဘုရားမှာဆုတောင်း ကိုယ်ကျင့်တရားကောင်ရုံနဲ့

မလုံလောက်မှန်းသိပေမဲ့

အငွေ့သက်သက်ကျန်လေနေတဲ့

အဆိပ်ခွက်ထဲမနှစ်တစ်နှစ်

အာရုံလေးကမကွဲတကွဲ

အမြင်လေးက အလွမ်းပင်လယ်ကမ်းပါလေးလိုပဲ

အတွေးခေါင်ခေါင် အရည်ပါးပါး

ဖြေသာမှုလေး ကြေလွင့်တဲ့ညများစွာ

အားတင်းစမ်းပါ ငါ့ကောင်းကင်ရေ

မနက်အာရုံဦးသည်နှင့်

ပြောင်းလဲမှုတွေနဲ့ အသင်မြင်တွေ့ရမှာပါ

အလင်းနဲ့အမှောင်ဆိုတာ

ကမ္ဘာဦးကတည်းက ဒွန်တွဲပြီးရှိနေပြီးသားပါကွာ

1 comments:

    တစ်နေ့ဝင်တစ်နေထွက်
    တို့အသက်တွေ
    တိုလာပြီ
    နိုင်ငံကြီးမှာ
    ဆိတ်သုဉ်းနေတော့
    ဘယ်တော့များမှ
    မြင်ရမှာလည်း
    ခေတ်သစ်အမိနိုင်ငံကို
    မျှော်တိုင်းဝေးမနေရအောင်
    ရှိသမျှအားနဲ့
    တွန်းလှန်ကြပါစို့..။

     

Blogger Templates by Blog Forum