Showing posts with label Love. Show all posts
Showing posts with label Love. Show all posts

ချစ်သူပန်းခင်း




get this flash


ဘလောက်တစ်ခုလာလည်ရင်း တွေ့ခဲ့တာပါ ချစ်စရာကောင်းလို့ တင်လိုက်ပါတယ်.......

"
ကျွန်မတော့ ချစ်သူပန်းခင်းလို့ အမည်ပေးလိုက်မယ်နော်"

သွားကြစို့လား


သွားကြစို့

* သွားကြစို့ မင်းနဲ့ ငါ

ဘ၀အမောတို့ ချုပ်ငြိမ်းရာ

ပျော်ရွင်ခြင်းတို့ စံပျော်ရာ

ငါတို့…….သွားကြစို့

* သွားကြစို့ မင်းနဲ့ငါ

မျောလင့်ခြင်းရဲ့ အနာဂါတ်

တောင့်တမိတဲ့ ငြိမ်းချမ်းမဲ့နေရာ

ငါတို့……..သွားကြစို့

*ငါတို့ လျှောက်မဲ့လမ်း

ဘယ်လောက်ကြမ်းတမ်းပါစေ

ဘယ်လို အခက်အခဲ

အတားအဆီး တွေကြုံပါစေ

ငါတို့ရဲ့ ယုံကြည်ချက်တွေက

ငါတို့အတွက် အားအင်ဖြစ်ရမယ်

ငါတို့၇ဲ့ တွဲလက်တွေက

ထာဝရခိုင်မြဲစေရမယ်

*ဟိုး…..အဝေးကို

ကြည့်လိုက်စမ်းပါချစ်သူ

လှပတဲ့ အနာဂါတ်သစ်က

အသင့်ဆောင့်ကြိုနေပြီ

ငါတို့သွားကြစို့လား


လွမ်းဝေ


love





ကွဲအက်ခြင်း

ချစ်သူ
ကတ္တာရာလမ်းမအထက်မှာ
တစစီကွဲအက်ကြေမွသွားခဲ့ရတဲ့
ငါ့နှလုံးသားရဲ့ နာကြင်မှုကို
ချစ်သူမသိနိုင်ပါဘူး

မိုးလောက်မြင့်တဲ့
ငါ့ရဲ့အိမ်မက်လေးတွေကို
မင်းက
လေထဲဆောက်တဲ့တိုက်အိမ်လေးလို
ပျက်ရယ်ပြုခဲ့တယ်

ငါမင်းကို
သိပ်ချစ်ပါတယ်လို့
ရွတ်ဆိုလိုက်တဲ့ချိန်ကျမှ
မင်းက
အပေါစားအရက်တစ်ခွက်တောက်တောင်
တန်ဖိုးမထားခဲ့...ဲ့







ခွဲခွာချိန်

ငြိမ်သက်ခြင်းရယ် မျက်ရည်တွေရယ်
ငါတို့ရဲ့ ခွဲခွာချိန်လေးမှာပေါ့
မင်းအပြုးံကသက်မဲ့လို့
မင်းအနမ်းကအေးစက်စေခဲ့တယ်
မေ့လိုက်တော့ ဆိုတဲ့စကားတစ်ခွန်းက
ငါ့နှလုံးသားကို
တစ်စစီဆုတ်ဖြဲလိုက်သလိုပဲ ……….

ဟိုအရင်ကချိုမြိန်ခဲ့တဲ့အတိတ်က
အိပ်မက်တစ်ခုလား
ငါတို့ယုံကြည့်ခဲ့တဲ့ အနာဂတ်က
ခွဲခွာခြင်းတဲ့လား …….

ချစ်သူရယ်
ကြေကွဲနာကျင်နေတဲ့
ငါ့နှလုံးသားကို ဥပေက္ခာပြု
ရက်စက်စွာကျောခိုင်း
မင်းရဲ့ခြေလှမ်းတိုင်းမှာ
ငါ့နှလုံးသား ပဲ့ကြွေပျက်သုန်းခဲ့ပြီဆိုတာ
မင်းသိပါစေကွာ ……….
















Blogger Templates by Blog Forum