သွားကြစို့လား
Sunday, November 25, 2007 by ဂျူလီယာ
သွားကြစို့
| * သွားကြစို့ မင်းနဲ့ ငါ |
| ဘ၀အမောတို့ ချုပ်ငြိမ်းရာ |
| ပျော်ရွင်ခြင်းတို့ စံပျော်ရာ |
| ငါတို့…….သွားကြစို့ |
| |
| * သွားကြစို့ မင်းနဲ့ငါ |
| မျောလင့်ခြင်းရဲ့ အနာဂါတ် |
| တောင့်တမိတဲ့ ငြိမ်းချမ်းမဲ့နေရာ |
| ငါတို့……..သွားကြစို့ |
| |
| *ငါတို့ လျှောက်မဲ့လမ်း |
| ဘယ်လောက်ကြမ်းတမ်းပါစေ |
| ဘယ်လို အခက်အခဲ |
| အတားအဆီး တွေကြုံပါစေ |
| ငါတို့ရဲ့ ယုံကြည်ချက်တွေက |
| ငါတို့အတွက် အားအင်ဖြစ်ရမယ် |
| ငါတို့၇ဲ့ တွဲလက်တွေက |
| ထာဝရခိုင်မြဲစေရမယ် |
| |
| *ဟိုး…..အဝေးကို |
| ကြည့်လိုက်စမ်းပါချစ်သူ |
| လှပတဲ့ အနာဂါတ်သစ်က |
| အသင့်ဆောင့်ကြိုနေပြီ |
| ငါတို့သွားကြစို့လား လွမ်းဝေ |
