Tuesday, November 13, 2007
by ဂျူလီယာ
| ကွဲအက်ခြင်း |
| | ချစ်သူ | | ကတ္တာရာလမ်းမအထက်မှာ | | တစစီကွဲအက်ကြေမွသွားခဲ့ရတဲ့ | | ငါ့နှလုံးသားရဲ့ နာကြင်မှုကို | | ချစ်သူမသိနိုင်ပါဘူး |
| | မိုးလောက်မြင့်တဲ့ | | ငါ့ရဲ့အိမ်မက်လေးတွေကို | | မင်းက | | လေထဲဆောက်တဲ့တိုက်အိမ်လေးလို | | ပျက်ရယ်ပြုခဲ့တယ် |
| | ငါမင်းကို | | သိပ်ချစ်ပါတယ်လို့ | | ရွတ်ဆိုလိုက်တဲ့ချိန်ကျမှ | | မင်းက | | အပေါစားအရက်တစ်ခွက်တောက်တောင် | | တန်ဖိုးမထားခဲ့...ဲ့ |

ခွဲခွာချိန် |
|
| ငြိမ်သက်ခြင်းရယ် မျက်ရည်တွေရယ် |
| ငါတို့ရဲ့ ခွဲခွာချိန်လေးမှာပေါ့ |
| မင်းအပြုးံကသက်မဲ့လို့ |
| မင်းအနမ်းကအေးစက်စေခဲ့တယ် |
| မေ့လိုက်တော့ ဆိုတဲ့စကားတစ်ခွန်းက |
| ငါ့နှလုံးသားကို |
| တစ်စစီဆုတ်ဖြဲလိုက်သလိုပဲ ………. |
|
| ဟိုအရင်ကချိုမြိန်ခဲ့တဲ့အတိတ်က |
| အိပ်မက်တစ်ခုလား |
| ငါတို့ယုံကြည့်ခဲ့တဲ့ အနာဂတ်က |
| ခွဲခွာခြင်းတဲ့လား ……. |
|
| ချစ်သူရယ် |
| ကြေကွဲနာကျင်နေတဲ့ |
| ငါ့နှလုံးသားကို ဥပေက္ခာပြု |
| ရက်စက်စွာကျောခိုင်း |
| မင်းရဲ့ခြေလှမ်းတိုင်းမှာ |
| ငါ့နှလုံးသား ပဲ့ကြွေပျက်သုန်းခဲ့ပြီဆိုတာ |
မင်းသိပါစေကွာ ……….
|
Posted in:
Love
|
|
|