Wednesday, January 16, 2008
by ဂျူလီယာ
လူသားလူသားတိုင်းဟာ မည်သူမဆိုဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူတွေချဉ်းပါပဲ လူသားလူသား အများစုဟာ ဘ၀ကိုဘယ်လိုနေထိုင်ကြရမယ် ဘယ်လိုအကောင်းဆုံးံဖြစ်အောင်ကြိုးစားရမယ်ဆို တာထက် ဘ၀မှာလိုတာကိုဖြစ်ချင်တယ် ချမ်းသာကြွယ်ဝချင်ကြတယ် … ရှိသတဲ့ပိုရှိအောင်လုပ်ချင်ကြတယ် ဘ၀မှာ အထွတ်အထိပ်နေချင်ကြတယ် ဒါကြောင့် လူ့လောကရဲ့ ၁၀၀% ထဲက ၉၉ % ဟာ ဒီလူသားတွေမို့ ဘ၀ရဲ့ အငြမ်းအေးဆုံးနေရာနေချင်ပေမဲ့လည်း အပူမီးများသာဝင်တိုးကာ အေးချမ်းတဲ့အရိပ်လေးတွေ ဝေးသတဲ့ဝေး နေကြတာပေါ့ ။ လောကရဲ့ ငြမ်းအေးတဲ့နရာဆိုတာ လော ဘ၊ ဒေါသ၊ မောဟ နဲ့ အဝေးဆုံးနေရာပါပဲ …. လူတွေဟာ ဥစာရှိ၊ ချမ်းသာကြွယ်ဝတဲ့သူနဲ့……မရှိ ဆင်းရဲသား လူနဲ့တွေ့ဆုံရာမှ ကွာခြားမှုမည်မျရှိကြောင်း အမြောက်များသောလူများ သိရှိမည်ဖြစ်ကြောင်း ကျွန်တော်ပြောစေလိုပါတယ် ……
ကျွန်တော်တို့ ရွာလေးမှာပါ ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက် အေးတူပူအမျအရမ်းခင်မင်ခဲ့ကြတဲ့ နှစ်ယောက်ပါ ငယ်စဉ်ကတည်းက သူတို့နှစ်ဦးတစ်ယောာက်ကိုတစ်ယောက်ပြောကြသတဲ့။ ငါတို့နှစ်ယောက် ဘယ်ဘ၀ပဲရောက်ရောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမမေ့ကြေးဆိုတဲ့ ကတိလေးထားခဲ့ကြသတဲ့ …တစ်နေ့ သူတို့နှစ်ယောက်ဟာ ၁၀တန်း အသီးသီးအောင်မြင်ကြပြီး ကိုဝါသနာပါရာကို ယူပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ ကွဲကွာသွားခဲ့ကြကုန်တာပေါ့ တစ်ယောက်ဟာ ထူးချွန်ပေမဲ့ အလွန်ဆင်းရဲရှာပါတယ် တစ်ယောက်တော့ ချမ်းသာတဲ့ အသိုင်းဝိုင်းထဲကပေါ့ ….အဒီမညီမျတဲ့ ကွာဟမှု့ကြောင့်လည်း ဆင်းရဲ့ရှာတဲ့သူငယ်လေးဟာ ကျောင်းဆက်မတက်နိုင်တော့ပဲ မိဘကိုဝိုင်းဝန်း ကူညီတာပေါ့ …
နှစ်ကာလရှည်ကြာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်က လယ်သမားဘ၀ တစ်ယောက်က ဆရာဝန်ကြီးဖြစ်သွားခဲ့ပါတယ်…လယ်သမားလေးမှာလည်း သူမိသားစုဝမ်းစာအတွက် ပင်ပင်ပန်းပန်း ရှာဖွေသလို ဒေါက်တာကြီးမှာလည်း ရှိသတဲ့ရှိအောင်လုပ်ချင် ချမ်းသာသတဲ့ချမ်းသာအောင် ဆိုတဲ့စိတ်ကလွဲပြီး ၀ိညာဉ်ရေးလောကမှာမေ့လျှော့ကုန်ကြတယ်….တစ်နေ့တော့ မငြင်းချမ်းသေးတဲ့ ဒီတောရွာတစ်ရွာမှာ အပစ်ခတ်တွေကြားထဲက ဆရာဝန်လေးဆေးခန်းလေးသို့ လူတစ်ယောက်ရောက်လာပါသတဲ့ အ၀တ်မှာလည်း မလုံမလဲ ညစ်ပတ်နေပြီး ဒဏ်ရာကြီးစွာရလာခဲ့သတဲ့ …
သူဆင်းရဲ ။ ။ ဆရာဝန်ကြီးခင်ဗျာ ကျွန်တော့်ကိုကူညီပါ ကျွန်တော်မှာ ဒဏ်ရာကြီးစွာရခဲ့ပါတယ် သူငယ်ချင်းဆရာဝန်ကြိး ကျွန်တော်ကိုမှတ်မိပါသလား ကျွန်တော်ဟာသင့်ရဲ့ တစ်ချိန်က အေးဆူပူအမျ ချစ်မြတ်နိုးးရပါသော သူငယိချင်းကောင်းပါ ။ ထိုစဉ်
ဆရာဝန် ။ ။ ဟေ့ မင်းကွာငါ့ကိုအချိန်မတော်လာနိုးရသလား ဆည်းကမ်းမရှိလိုက်တာ ငါကအရင်လူမဟုတ်ဘူးကွ ကိုယ့်အဆင့်တန်းကိုယ်ပြန်ကြည့်ပါအုံး ငါ့ကိုဒီလိုလာ နှောက်ယှက်ရသလား မင်းကိုမင်းပြန်ကြည့်ပါအုံး ရှက်စရာကောင်းလိုက်တာ မကူညီနိုင်ဘူးမင်းပြန်တော့ ။
သူဆင်းရဲ။ ။ သူငယ်ချင်းမင်းဟာ တစ်ချိန်ကကိုယ်ရဲ့အချင်မင်ဆုံး သူငယ်ချင်းပါကွာ ကျွန်တော့်ကိုကူညီပါ မင်းသာမကူညီရင် ကျွန်တော်မကြာခင် သေသွားရလိမ့် ။့ 
ဆရာဝန်။ ။ ဟေးဒီမှာမင်းဟာ ခုငါ့သူငယ်ချင်းမဟုတ်ဘူးကွ မင်းလိုသူတောင်းစားမျိုးနဲ့ မင်းကိုငါ သူငယ်ချင်းလို့ခေါ်ရလောက်အောင် မင်းကိုယ်မင်းပြန်ကြည့်ပါ မြန်မြန်ထွက်သွား ခုချိန်ငါ့လူနာကြည့်ရမယ်အချိန် မဟုတ်ဘူုးကွ မင်းဟာမင်းသေသေရှင်ရှင် ငါမသိဘူး။
ဒီချိန်မှာ သူဆင်းရဲလေးမှာ ဒဏ်ရာကြီးစွာနဲ့ ရွာကိုပြန်လာရာ လမ်းတစ်ဝက်အကျော်တွင် သေဆုံးသွားသတဲ့ ။ မနက်မိုးလင်းရောက်တော့ လုပ်ငန်းခွင်ထဲဆင်းဖို့ သွားလာတဲ့ ရွာသားတစ်ယောက်မြင်တော့ ရွာထဲကိုပြန်ခေါ်ဆောင်ကာ သက်ဆိုင်ရာကို ပြန်ပို့လိုက်တာပေါ့ ။ သူဆင်းရဲလေးမှာ အစိမ်းသေနဲ့ သေလေတော့ ဆရာဝန်းကြီးကို အမြဲခြောက်လန့် နေတယ်တဲ့ မကြာပဲ ဆရာဝန်းကြီးပါဆုံးသွားပါတယ်။
ဒီပုံပြင်လေးဟာ အထူးအဆန်းမဟုတ်ပေမဲ့ ရွာငယ်လေးတစ်ရွာက တကယ်ဖြစ်လေးလေးတွေမို့ပါ လူတွေဟာဘယ်ရက်သေကြမယ် မသိကြတဲ့လူသားတွေပါ၊ လောကဓံရဲ့ လက်ဖြားမှုအောက်မှာပဲ အလူးအလဲကြိုးစားခဲ့ကြတယ် လောကရဲ့ ကာယနဲ့ ၊ ညာဏရေးအတွက် ဦးစားပေးကြိုးစားရုန်းကန် ခဲ့သလို ၀ိညာဉ်ရေးမှာလည်း မပေါ့အပ် မမေ့သင့်ကြောင်း လူဆင်းရဲ လူချမ်းသာ ဆိုတဲ့အဆင့်တန်းလည်း မခွဲခြားသင့်ကြောင်း ဘုရားသခင်ဖန်ဆင်းကတည်းက လူသားတိုင်းဟာ သူ့ပါရမီနဲ့သူရှိတဲ့ကြောင်း ပြောကြားချင်ပါတယ်။