Showing posts with label Life True. Show all posts
Showing posts with label Life True. Show all posts

ဘ၀ခွန်အား




ဘ၀ခွန်အား (၂)



*
ညီမလေးရေ

ဆုံးရှုံးတဲ့အရာတွေအတွက် စိတ်ပူပင်မနေပါနဲ့

မနက်ဖြန်ဆိုတာ မင်းအိပ်ယာကနိုးလာတဲ့အချိန်မှာ

ပြောင်းလဲမှုတွေနဲ့ မြင်တွေ့ရမှာပါ………



ဆုံးရှုံးမှုဆိုတာ အောင်မြင်မှုလမ်းကြောင်းပေါ်က

ပထမဦးဆုံးခြေလှမ်းပါကွယ် …….

ဒုက္ခပြဿနာတွေနဲ့ ကြုံတွေ့တဲ့အခါမှာ

ဒီထက်ကြီးမားတဲ့ပြဿနာတွေကို ရင်ဆိုင်နေရတဲ့သူတွေ

ကမ္ဘာမှာ အများကြီးရှိနေသေးတယ်ဆိုတာ

အမှတ်ရပါကွယ်

လောကမှာ လူကိုမကြည့်ငွေကိုပဲမြင်ပြီး

ဘ၀ကိုရေတိမ်မှာ မနှစ်မိစေနဲ့နော် ….

လက်တွေ့ဘာမှ မလုပ်သေးပဲနဲ့ တွေးကြောက်နေတာဟာ

ပြဿနာကို ဟန့်တားနေတာမဟုတ်ဘူး

ဘ၀ကိုအရှုံးပေးတာနဲ့ အတူတူပဲ

ကိုယ့်သမိုင်းကိုရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေတဲ့ လောကမှာ

ကံကိုပဲ အပြစ်ပြောလို့မဖြစ်ဘူးနော်…….

တဒင်္ဂရင်ဆိုင်နေရတဲ့ ပြဿနာကြောင့်

ထာဝရဆုံးရှုံးမှု မဖြစ်စေနဲ့နော်…..

မင်းဘ၀ကိုပြန်လည်မသုံးသပ်ဘူးဆိုရင်

ဘ၀ကို အဆိပ်ခွက်ထဲနှစ်တာနဲ့ အတူတူပဲ …

ခါးသီးတဲ့ဒုက္ခတွေကြားမှာ

ချိုမြိန်တဲ့ သုခလေးကိုရှာဖွေကြည့်ပါကွယ်……..

ဒုက္ခရောက်နေတဲ့အချိန်မှာ ကြေကွဲနေတဲ့နှလုံးသားကို

နားလည်မှု အပြစ်ဝပေးနိုင်တဲ့သူဟာ မိတ်ဆွေစစ်ပါ ……

မင်းမှာ ဘာအခက်ခဲ ပြဿနာမှမရှိသေးဘူဆိုရင်

မင်းဘာမှမလုပ်သေးဘူးဆိုတာသေချာနေပြီ ……..

အကူညီလိုအပ်နေသူကို

ကိုယ်၊ စိတ်၊ နှုတ်အားဖြင့် ကူညီပေးလိုက်ပါ

မင်းဒုက္ခရောက်နေတဲ့ အချိန်မှာလဲ

ကူညီပေးမဲ့သူပေါ်လာလိမ့်မယ် ………

သံသယရဲ့ မျက်လုံးတစ်စုံနဲ့

သူတစ်ပါးရဲ့ အားနဲချက်ကိုပဲ ကြည့်ရှုပြောဆိုနေခြင်းဟာ

ကြီးမားတဲ့ ဒုက္ခပြဿနာတစ်ခုပါ ……

ဒုက္ခပြဿနာကို မရင်ဆိုင်ချင်တဲ့သူဟာ

သုခစည်းစိမ်ကို မလိုချင်တဲ့သူပဲ …….

တခါတစ်ရံ သူများကိုယ့်ကို ဒုက္ခပေးတာထက်

ကိုယ့်ကိုကိုယ် ဒုက္ခပေးတာ ပိုများတယ် ………..

ဖြစ်သမျအကြောင်းအကောင်းချည်းပဲဆိုပြီး

ရေစုန်မျှောနေလို့ မဖြစ်ဘူး

်

ရေဆန်တက်တဲ့ အချိန်လဲရှိရမယ် ………..




















































































ကျွန်မရဲ့ အစ်မရေးပေးထားသော စာလေးတွေပါ

.....မမျော်လင့်ပဲ ဖြစ်လာမဲ့ အနာနာဂါတ်ပြသာနာတွေကို တွေးပြီးကြောက်နေတတ်တဲ့ မျက်လုံးပြုးလေးသို့ ထာဝရရည်ရွယ်ရင်း ........


* ညီမလေးရေ

စကားလုံးသန်းပေါင်းများစွာနဲ့

ပြဿနာတစ်ခုကိုဖြေရှင်းနေမဲ့အစား

ကောင်းမွန်တဲ့အပြုမှုလေးနဲ့ဖြေရှင်းကြည့်လိုက်ပါ

ခြားနားချက်ကို သင်သိရှိလာလိမ့်မယ်......


* ညီမလေးရေ

ဆိုးဝါးတဲ့ အတိတ်က အရိပ်မဲကြီးဟာ

ပစ္စုပန်ကိုပဲ လွမ်းမိုးနေတာမဟုတ်ဘူး

အနာဂတ်ကိုပါ ခြောက်လှန့်တုန်လှုပ်စေတယ်......


* ညီမလေးရယ်

တွယ်ရာမဲ့အဖြစ်တစ်ခုထက်

ကွယ်ရာမဲ့ အပြစ်တစ်ခုက ပိုပြီး ဒုက္ခပေးပါတယ် ......


* ညီမလေးရယ်

ကျီးပေါင်းတက်ပြီး အရိုးပြန်ဆက်တဲ့နေရာဟာ

ပိုပြီးမာကြောသန်မာနေသလိုပဲ

ကြေကွဲနေတဲ့နှလုံးသားဟာ

ပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖြင်းအားဖြင့်

ပိုပြီးရင့်ကျက်လာလိမ့်မယ် .......


* ညီမလေးရယ်

လောကကြီးမှာ တကယ်ကြိုးစားနေတဲသူတွေအတွက်
နေရာအမြဲရှိပ်တယ်ကွယ်......

* ညီမလေးရယ်

မင်းရဲ့ ဝေဒနာအလုံးကို ရေတွက်ကြည့်လိုက်ပါ

ပြီးရင် တစ်ခုပြီးတစ်ခု ဖြေရှင်းသွားပါနော်




်
































































































































































Blogger Templates by Blog Forum