Showing posts with labelီDec. Show all posts
Showing posts with labelီDec. Show all posts

ဆောင်း

ဆောင်းအိမ်မက်
အိမ်အပြင်မှာ နှင်းတွေကျနေပြီ

ဆောင်းရေ၀င်လာနေပြီလား

ရာသီသုံးခွင်ထဲမှာ ဆောင်းဟာ

ငါအနှစ်သက်ဆုံးပါဆောင်းရေ

အေးမြတဲဆောင်းရဲ့အပြုံးအောက်

ခေတ္တပျော်ရွင်ခဲ့ဖူးတယ်...


ဆောင်းဆိုတာလေးကြားရင်

သတိရခြင်းတွေကလည်း ရင်တထိပ်ပဲ

ခရစ်စမတ်သီချင်းတွေဟစ်ဆို

ခရစ်တော်ရဲ့ သတင်းကောင်းတွေဖြန့်ဝေ

ဆို၊က၊ရေး၊တီး တူစုံတွဲညတွေနဲ့

New Year ညကိုဖိတ်ခေါ်

မမေ့နိုင်ဖွယ်များတွေလည်းများလှတဲ့

ဒီဆောင်းရေ....


ကောင်းကင်ကြီးကလည်း

မိတ်တုပ်မိတ်တုပ်ကြယ်စင်လေးမျာနှင့်အတူ

လရောင်လေးကအေးမြတဲ့ အပြုံးလေးနဲ့

ဆောင်းညရဲ့အလှကို ပုံဖော်နေကြလေရဲ့

ကြည်နူးဖွယ်ရာကောင်းသလို

လွမ်းဆွတ်ဖို့လည်းကောင်းလိုက်လေနော်...


ခုတော့ဆောင်းလေးရေ

လူတကာတွေ အေးချမ်းလှပကြတဲ့

ဒီဆောင်းရိပ်အောက်မှာ

ငါ့အတွက်တော့ နွေကမ္ဘာများ ဖြစ်ခဲ့ရပြီလား

စိုထားတဲ့မျက်ဝန်းတွေလည်း ခြောက်သွေ့စွာနဲ့ပေါ့

ဆုတောင်းခဲ့ပါတယ်ဆောင်းရယ်

ဖြစ်နိုင်မယ်ဆိုရင်လေ

နှင်းတွေပျောက်မနေပါစေနဲ့လို့….


Blogger Templates by Blog Forum