happy Birthday
Wednesday, June 4, 2008 by ဂျူလီယာ
လူ့လောကကိုစရောက်ကတည်းက အဖေနဲ့အမေကို ဒုက္ခပေးခဲ့တဲ့ သမီးမိုက် အသက်တစ်နှစ်ကြီးလာပြန်ပြီ။ အခုချိန်ထိလဲ ဘာရယ်မှ မည်မည်ရရ ကျေးဇူးမတုံ့ပြန်နိုင်ခဲ့ဘူး။ ကဗျာလေးတစ်ပုဒ်နဲ့ သမီးဆိုးလေးကို အနွံတာခံပေးတဲ့ အဖေနဲ့အမေ သို့........................
မေမေ နှင့် ဖေဖေ
သမီး လူလားမြောက်တဲ့အချိန်ထိ
သမိးကို အမြဲမပြတ်
မေတ္တာရနံ့ထုံသင်းတဲ့ မိဘအရိပ်အောက်မှာ
သမီးဘ၀ယနေ့ထလုံခြုံခဲ့တာ
မိဘရဲ့ကျေးဇူးးတော်ကြောင့်ပါ။
သမီးမျက်နှာ မငယ်ရအောင်
လူကြားသူကြား သိမ်မွေ့ရအောင်
သမိးဆိုးလေးကို ဆုံးမသွန်သင်၊ ပြုစုပေးတဲ့ မိဘရယ်
အရိုင်းသမိးမှာတော့ မချစ်လို့ ရိုက် ၊ထင်မြင်ရွက်တိုက်
ပြစ်မှားခဲ့တဲ့အမှားများစွာရယ်
ခုချိန်မှာ ဘ၀ဇာတ်ခုံ အဖက်ကြုံတိုင်း
သက်ပြင်းလေးတွေသားခါခါချ
ဝေဒနာ လှိုင်းတံပိုး ရင်မှာတိုးလို့ဆို့
ချစ်ဖေဖေနဲ့မေမေ အနွံတာခံမြဲ
ကျေနပ်တဲ့အတိတ်ကာလလေးကို
ပြန်တွေးမိတိုင်းသမိးမျက်ရည်မဆည်နိုင်တော့ပါလား
ယနေ့အချိန် မှာ ပြုမှားမိတဲ့ ပြစ်မျိုးများကို ခွင့်လွှတ်ပါလို့…
ကမ်ဘာကြီးတစ်ခုလုံးထက်မကတဲ့ချစ်ခြင်းနဲ့
တုနှိုင်းလို့မမီတဲ့ မိဘမေတ္တာ
ကျေးဇူးအနတ္တ ကြီးမားစွာလှသောမေမေနှင့်ဖေဖေသို့
တစ်နေ့တစ်ချိန် မိဘကျေးဇူးပြန်ဆပ်ဖို့ရာ
အချိန်မကုန်စေနဲ့လို့ သမီးဆုတောင်းရပါစေသား………
(3.6.2008) နေ့မှာကျရောက်မယ့် ကျွန်မမွေးနေ့မှာ ဒီကဗျာလေးနဲ့ ကျွန်မကိုသိပ်ချစ်တဲ့ ဖေဖေနဲ့ မေမေကို ဂါရ၀ါပြုရင်းနဲ့ပဲ အမှတ်တရ ထပ်တင်လိုက်တာပါ။ ကဗျာလေးဖတ်ပြီးရင်တော့ မွေးနေ့လို့လူသားတွေအမည်တပ်ကြတဲ့ အသက်တစ်နှစ် ထပ်ကြီးတဲ့ နေ့တစ်နေ့အတွက် အမှတ်တရပေါ့......


















