နွေအလှ


နွေလှ

း…

ဟိုအဝေးက ဖြေသိမ့်မရအလွမ်းတွေနဲ့

နွေအလှကို မင်းအရောင်ဆိုးခဲ့ပြီလား

နွေအလှနဲ့ခြယ်မုန်းထားတဲ့

အတိတ်က ပန်းချီကားလေး

ဖုန်တက်နေလည်း ပြန်ပြန်မက်နေရတဲ့ အလွမ်းတွေ

ငါ့ရင်ထဲမှာနာကျင်လှပြီ

မေ့ဖို့ကြိုးစားတိုင်း ငါ့ရင်ထဲမှာ အသစ်အသစ် ပြန်ဖြစ်လာတယ်

လန်းဆန်းနေဆဲပါလေ နွေရယ်…

ဝေး……

တစ်နယ်တစ်ကျေးမဝေးခင်တုန်းက

ဒီရင်ခွင်ထဲအနမ်းတွေ ဝေခဲ့တုန်းက

မခွဲစတမ်းချစ်ခြင်းနောခဲဖူးတယ်နော်

ခုတော့ဝေးရယ်

ဘ၀ကိုပုခုံးပုတ် လောကဓံကို အကြိမ်ကြိမ်ဆင်နွဲ

ခက်ခဲများစွာ မမှုပဲလျှက်

နှစ်ယောက်ရှေ့ရေးမျော်ကာတွေးရင်း

အားမှန်ဇွဲနဲ့ လျှောက်ခဲ့ကြတယ်နော်

ဝေးရယ်

မင်းစိတ်တွေဘာလို့ ပျော့ညံ့နေရတာလဲ

သစ်ပင်ဆိုတာ မြင့်လေ လေတိုက်ခြင်းခံရလေပဲမဟုတ်လား

လေတိုက်တိုင်းမင်းဘာလို့ ကြွေကြွေကျနေရတာလဲ

အဖူးတွေ ၊ အညွန့်တွေနဲ့ မင်းဝေဆာလိုက်စမ်းပါ

အမြစ်တွေနဲ့ မင်းသေချာချီတက်စမ်းပါဝေးရာ…

ဝေးရယ်….

နှစ်ဟောင်းတွေကြွေ ၊ နှစ်သစ်တွေ အကြိမ်ကြိမ် ဝေခဲ့ပြီိနော်

ကြေကွဲစွာနဲ့ လမ်းခွဲခဲစဉ်တုန်းကလေ

မင်းကိုယ့်အတွက် ဘာ message မှ မထားပေးခဲ့ဘူးနော်

မငိုအောင်ထိန်းဟန်ဆောင်သော်လည်း

ထားရစ်ထွက်ခွာဝေးခဲပြီပဲ

ပြန်လာပါလို့ တမ်းတမျောရည် ဆိုသော်ငြားလည်း

မင်းမှ မကြားနိုင်တော့ပဲလေ

ခုတော့အလွမ်းရဆုံး

ဝေးရမြေ ၊ ဝေးရတဲ့တောင်တန်း၊ ဝေးသွားခဲရတဲ့ဝေးနဲ့အတူ

ကိုယ်နဲ့ နေ့စွဲလေးကတော့

ဝေးကိုကိုယ့်ရင်ပတ်ထဲမှာ တမ်းတချစ်နေတုန်းပဲဆိုတာ

“ ဝေးသိပါစေ” တော့ကွယ်…………………

Blogger Templates by Blog Forum